
Lomo Photography ဆိုတာ ရပ်ရှားက ထုပ်တဲ့ LOMO ဆိုတဲ့ ကင်မရာ အမျိုးအစားတစ်ခုကို သုံးရင်း ရလာတဲ့ ဓာတ်ပုံအရသာကို ကြိုက်နှစ်သက်သွားကြရာကနေ Lomography ဆိုတဲ့ ဓာတ်ပုံအမျိုးအစားသစ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ တကယ်တမ်းကတော့ အဲဒီကင်မရာလေးတွေ အသုံးပြုခြင်းအားဖြင့် ကာလာတွေ မမှန်ပဲ ပြောင်းသွားတာ၊ ဘေးနားမှာ မှန်ဘီလူးအရိပ်တွေ ထင်နေတာ၊ ဆလိုက်ဖလင်နဲ့ရိုက်ပြီ ကာလာဖလင်ဆေးနဲ့ ဆေးလိုက်၊ ကာလာဖလင်နဲ့ ရိုက်ပြီး ဆလိုက်ဖလင်ဆေးနဲ့ ဆေးလိုက်တာ စသည်ဖြင့် လွတ်လွတ်လပ်လပ် ရိုက်ချင်သလိုရိုက်ချင်တဲ့ ဖလင်နဲ့ရိုက်ပြီး ထွက်ချင်သလို ထွက်လာတဲ့ image ရဲ့ result ကိုလူတွေ နှစ်သက်စွဲလမ်းရာကနေ ပေါ်ပေါက်လာတဲ့ type တစ်ခုပါပဲ။ ဒီခေတ်ရောက်တော့ အဲဒီကင်မရာလေးက ထွက်တဲ့ ရီဇာတ်များကို ရချင်လို့ photoshop အစရှိတဲ့ software များအသုံးပြုပြီး ပြင်ဆင်ကြပေမယ့် lomo camera နဲ့ တကယ်တမ်းရိုက်လို့ ကင်မရာကထွက်လာတဲ့ result ကို မရရှိနိုင်သေးပါဘူး။ အနီးစပ်ဆုံးတူတာလောက်ပဲ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကင်မရာက ထွက်တဲ့ ရီဇတ်ကိုယ်တိုင်က တစ်ခါနဲ့ တခါ အခြေအနေတစ်ခုနဲ့ တစ်ခု အပေါ်မူတည်ပြီး မခန့်မှန်းနိုင်အောင် အမျိုးမျိုး ထွက်နေလို့ပါပဲ။
lomography နဲ့ ပါတ်သက်ပြီး ဆက်လက်လေ့လာချင်ရင် ဒီအောက်က လင့်ကို သွားပါ။

The Lomographic Society International
အဲဒါဆိုရင် photoshop နဲ့ lomo photograph တစ်ခုပုံဖြစ်အောင် စမ်းကြည့်ရအောင်…
ရိုက်ပြီးသား ဓာတ်ပုံတစ်ပုံကို ဖွင့်ပါ
ပုံရဲ့ ထောင့်လေးထောင့် အစွန်းတွေချန်ပြီး အလယ်ပိုင်းလောက်ကို ကွက်ပြီး selection ပေးလိုက်ပါ
selection ကို invert လုပ်ပါ
level adjustment layer ပေါင်းပြီး middle level ကို ညာဘာက်နည်းနည်းပို့ပြီး မှောင်လိုက်ပါ။ အဲဒါဆို ပုံရဲ့ အနားစွန်းတွေ မှောင်သွားပြီး အလယ်ပိုင်းလောက် ကွက်လင်းကျန်ပါလိမ့်မယ်။
နောက်ထပ် curve adjustment layer တစ်ခုထပ်ပေါင်းပြီး contrast များအောင် curve ကို S ပုံစံလေးဖြစ်အောင် နည်းနည်း ညှိလိုက်ပါ။
လေယာအားလုံးရဲ့ အပေါ်မှာ new layer အသစ်တစ်ခု ဖန်တီးလိုက်ပါ။
လေယာတစ်ခုလုံးကို အမဲရောင်နဲ့ ဖုံး (Black fill) လိုက်ပါ။
အဲဒီလေယာကို bland mode မှာ HUE ကိုပြောင်းပါ။
layer opacity ကို လျှော့လိုက်ပါ။ (around 30% to 50 %)
layer အားလုံးပေါင်းလိုက်ပါ။
ဒီအဆင့်ထိက LOMO စတိုင် လုပ်တဲ့အဆင့်အားလုံးကုန်ပါပြီ။
ဒီကနေစပြီး sharping တင်တဲ့ အဆင့်ပါ။ မလုပ်လဲ ရပါတယ်။
image mode ကို LAB ကိုပြောင်းပါ။
channel ထဲက Lightness ကိုရွေး
unsharp mask ကို ကြိုက်သလောက်လုပ်
RGB mode ကို ပြန်ပြောင်း
ပြီးပါပြီ
အဲဒီအဆင့်တွေကို ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုရင် ဒီနေရာကနေပြီး lomo style ဖြစ်အောင်လုပ်တဲ့ photoshop action လေးကို download ယူလိုက်ပါ။
ပြီး ရင် ဖိုတိုရှော့က action window ကိုဖွင့် (F9)၊ ပြီးရင် action window က load action ဆိုတာကို ရွေးပြီး download လုပ်ထားတဲ့နေရာကနေယူပြီး run လိုက်ယုံပါပဲ။
အောက်မှာ ပြထားတဲ့ ပုံတွေက အဲဒီ action လေးနဲ့ run ကြည့်ထားတာပါ။ မပြင်မှီပုံနဲ့ ပြင်ပြီး ပံတြွေပေါ့။
လက်တွေ့ကိုယ်တိုင်ချိန်ရတာလောက်တော့ စိတ်တိုင်းကျမှာ မဟုတ်ပေမယ့် action နဲ့ run လိုက်ရင် စကန့်ပိုင်းအတွင်း ပြီးသွားမှာပါ။

before

after
………………………………………………………………………………………………………………..

before

after
………………………………………………………………………………………………………………
ကျွန်တော့်အနေနဲ့တော့ photoshop မှာ action တွေရေးပြီး ပြင်တာထက် Lightroom မှာ ကိုယ့်စိတ်ကြိုက်မရမချင်း ပြင်ရတာကို ပိုနှစ်သက်ပါတယ်။
ဒီပုံတွေဆိုရင် acion မသုံးပဲ အထက်ကရေးခဲ့တဲ့ အဆင့်ဆင့်အတိုင်း ကိုယ့်စိတ်တိုင်းကျ ချိန်ထားပါတယ်။


