ရီဇော်လူးရှင်း အလွယ်တွက်နည်း
ကော်မာရှယ်ဖိုတိုတစ်ခုရဲ့ ပရင့် ရီဇော်လူးရှင်း(print resolution)က အလျှားတစ်လက်မကို ၃၀၀ဒီပီအိုင်ပါ DPI= Dot Per Inch….(တလက်မပတ်လည်မဟုတ်)
ရီဇော်လူးရှင်းအလွယ်တွက်နည်းက……..
၎-၆ (4″x6″) ဓာတ်ပုံထုပ်ဖို့ဆိုရင်….အနံ ၄လက်မကို ၃၀၀ ဒီပီအိုင်နဲ့မြှောက်တော့ ၁၂၀၀ ဒီပီအိုင်….
အလျှား ၆လက်မကို ၃၀၀နဲ့မြှောက်တာက ၁၈၀၀ဒီပီအိုင်
အဲဒီနှစ်ခုပြန်မြှောက်တော့ ၁၂၀၀အမြှောက်၁၈၀၀ =၂၁၆၀၀၀၀ စကွဲယားဒီပီအိုင်….=၂.၁မက်ဂါပစ်ဇယ် ရတယ်လေ…….
4inch: 4×300= 1200 dpi
6inch: 6×300= 1800 dpi
square resolution = 1200×1800 = 21600000 sq.dpi = 2.1 Mega Pixel
ဥပမာ
၆မက်ဂါပစ်ဇယ်ကင်မရာက
ပုံကောင်းကောင်းဘယ်လောက်ဆိုဒ်ရနိုင်သလဲဆိုရင်…သူ့ရဲ့
အမြင့်ဆုံး ရီဇော်လူးရှင်း အလျှား ၃၀၀၀-အနံ၂၀၀၀ ဒီပီအိုင်ကို
၃၀၀နဲ့စားလိုက်ရင် ရပြီပဲ…၆.၆လက်မနဲ့ ၁၀လက်မ ဆိုဒ်ပုံ
ထုပ်လို့ရတယ်ပေါ့။
6 megapixel camera produce 3000dpi x 2000 dpi image
3000/300 = 10 inch
2000/300 = 6.6 inch
တကယ်တော့
လူ့မျက်စိက ၃၀၀လောက်မဟုတ်ပဲ ၂၄၀ဒီပီအိုင်လောက်ဆိုရင်ပဲ
ကောင်းကောင်းလက်ခံနေတော့ ၈လက်မ နဲ့ ၁၂လက်မလောက်တော့
အေးအေးဆေးဆေးရပါတယ်….
အဲဒီတော့ ဒစ်ဂျစ်တယ်ကင်မရာဝယ်ဖြစ်လို့ ရိုက်ပြီးသမျှကို ပုံကြီး မချဲ့ဖြစ်ပဲ 4လက်မ 6လက်မ ပုံလောက်ပဲ ထုပ်ဖြစ်မယ်ဆိုရင်တော့ 2မက်ဂါ၊ 3မက်ဂါ ပစ်ဇယ်ထက်များတဲ့ ကင်မရာကို ၀ယ်တာ ပိုက်ဆံကို အပိုဖြုန်းနေတယ်လို့ပဲ ကျွန်တော် သဘောပေါက်ပါတယ်။
ပုံကြီးကို တတ်နိုင်သလောက် ကြီးကြီးလိုချင်တယ်ဆိုမှသာ၊ စီးပွားရေးအတွက်သာ မက်ဂါပစ်ဇယ် များတဲ့ ကင်မရာတွေကို ရွေးချယ်သင့်ပါတယ်…
မက်ဂါပစ်ဇယ်ဆိုတာက လဲ များတိုင်းလဲ မကောင်းပါဘူး။ ဆန်ဆာ sensor က သေးသေးလေးကို ထည့်ထားတဲ့ ပစ်ဇယ်တွေက အများကြီးဆိုရင် ပုံအရည်အသွေးကျတတ်ပါတယ်…
မက်ဂါပစ်ဇယ်များတာ ခရော့ပင်အတွက် ကောင်းတာကတော့ သေချာပါတယ်…
ဥပမာ Nikon D40 ရဲ့ ၆မက်ဂါပစ်ဇယ်နဲ့ရိုက်တဲ့ပုံက Nikon D200 ရဲ့ ၁၀မက်ဂါပစ်ဇယ်လို ဟိုဖြတ်သည်တောက် လုပ်တာ သိပ်မခံနိုင်ပါ… စကတည်းက ရိုက်ချင်ရင် တခါတည်း ခရော့ပင်ကောင်းကောင်းဖြတ်ပြီးသားဖြစ်အောင် ကျင့်ထားရပါတယ်… နောက်မှ လိုတိုးပိုလျှော့လုပ်မယ်ဆိုပြီး မြင်ကွင်းကို ခပ်ချောင်ချောင်ရိုက်လိုက်ရင် အဆင်မပြေနိုင်တော့ပါ။
အဲ… ပုံအရည်အသွေး(ပစ်ဇယ်မဟုတ်)ကို ယှဉ်ကြေးဆိုလျှင်တော့ D200 က D40 ကို မမှီပါ…
ဆန်ဆာဆိုဒ်ချင်းအတူတူကို ပစ်ဇယ်တွေ ပိုများအောင် ပြွတ်သိပ်ထည့်ထားရင် ဂရိန်ထတတ်ပါတယ် ကွာလတီကျတတ်ပါတယ်..
အိုင်အက်စ်အိုတင်ရိုက်တဲ့အခါမှာ မက်ဂါပစ်ဇယ်ပိုများတဲ့ D200 ရဲ့ ပုံထွက်က စုတ်ပြတ်သွားပါတယ်..
၎မက်ဂါပစ်ဇယ်ပဲ ရှိတဲ့ Nikon D2Hက ဘာကြောင့် ပိုကောင်းပြီးဈေးပိုကြီးရသလဲဆိုတာ ဒါကြောင့်ပါ.. (မှန်ဘီလူးမပါပဲ အစိမ်း ၅၀၀၀ လောက်ရှိပါတယ်)
ဒါပေမယ့် တက်ကနော်လောဂျီအသစ်တွေကြောင့် ဒီပြသနာဟာ ဖြေရှင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်..
…………………………………………………………………………………………………
[...] ရီဇော်လူးရှင်းတွက်ဖို့ ဒီဟာလေးကို ဖတ်ကြည့်လိုက်ပါ [...]