ဒစ်ဂျစ်တယ်ကင်မရာ ၀ယ်ရအောင်
++ ]]သူငယ်ချင်းရေ…မင်း အရင်တစ်ခါရှင်းပြလိုက်လို့ ကိုယ်တော့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးလောက် လိုချင်နေတဲ့ ရောဂါရနေပြီဟေ့။ တကယ်တမ်းပြန်စဉ်းစားကြည့်လိုက်တော့ ငါခရီးသွားတိုင်း ဖလင်ကုန်မှာစိုးလို့ မရိုက်ဖြစ်လိုက်တဲ့ ရှုခင်းတွေ အများကြီးပဲကွ။ ဒီတော့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံး ငါဝယ်ဖို့ဆုံးဖြတ်လိုက်ပြီကွာ….ကူညီပါဦး။}}
– ]]မင်းအမြင်မှန်ရသွားပြီပေါ့..ဟားဟား…နောက်တာပါကွာ…ကူညီရတာပေါ့။ ဒါပေမယ့် မင်းအတွက် ဘယ်ဒစ်ဂျစ်တယ်ကင်မရာနဲ့ ကိုက်တယ်ဆိုတာ ငါသိဖို့လိုတယ်ကွ။}}
++ ]]အဲဒီလိုရှိသေးတာလားသူငယ်ချင်း… အီလက်ထရောနစ်ဆိုင် ဒါမှမဟုတ် ရှိုးရွမ်းမှာ ဒီအတိုင်းသွားဝယ်လိုက်ရင်မရဘူးလားကွ}}
– ]]ရပါတယ်ကွာ…သူတို့ကလဲ မင်းကို အသေအချာရှင်းပြကြမှာပါ…ဒါပေမယ့်မင်းဘက်ကလဲဒစ်ဂျစ်တယ်ကင်မရာအကြောင်းတော့နည်းနည်းတော့သိထားသင့်တာပေါ့။ တွေ့ရာလက်ညိုးထိုးဝယ်ရအောင် အရင်းအနှီးက နည်းတာမဟုတ်ဘူးနော…သိန်းငွေပဲကွ သူငယ်ချင်းရ}}
++ ]]ဟုတ်ပါပြီ…ငါ့ကို နည်းနည်းရှင်းပြပေးပါဦး}}
– ]]ပထမဆုံးအနေနဲ့ မင်းက ဘယ်လိုမျိုးသုံးချင်တာလဲဆိုတာသိထားရမယ်ကွာ….အိမ်သုံး ခရီးဆောင်မှတ်တမ်းတင်လား၊ ရှုခင်းတွေ ပန်းလေးတွေရိုက်ချင်တာလား၊ ဆိုင်တွေဘာတွေဖွင့်ပြီးရိုက်ချင်တာလား…ဆိုတာ အရင်ရွေးရမယ်ကွာ။ ပြီးရင် ဘယ်လောက်ဓာတ်ပုံဆိုဒ်ကြီးကြီးထုပ်ချင်တာလဲ… ရီဇော်လူးရှင်း (မနျသူကအငသည) ဘယ်လောက်ဆိုရင်လုံလောက်ပြီလဲဆိုတာလဲသိရမယ်ကွ။}}
++ ]]အဲဒါတွေငါမသိဘူးကွ…ငါက ကင်မရာဆိုရင် ကန်နွန်၊ နစ်ကွန်၊ ဆိုနီ…ဒီလိုပဲရွေးဝယ်လိုက်ရမယ်လို့ပဲ အောက်မေ့နေတာ..။ ပြီးတော့ ရီဇော်လူးရှင်း ဆိုတာလဲမသိဘူး…သေချာရှင်းပြပါဦးကွာ..}}
– ]]အေး…အဲဒါဆို ကင်မရာအမျိုးအစားတွေကစပြီးရှင်းပြမယ်..နားထောင်သူငယ်ချင်း}}
……………………………………………………………………………………………..
ဒစ်ဂျစ်တယ်ကင်မရာ အမျိုးအစားများ (types of digital camera)
ဒစ်ဂျစ်တယ်ကင်မရာအမျိုးအစားဆိုသည်မှာ ကန်နွန် Canon ၊ နစ်ကွန်Nikon ၊ ဆိုနီSony ၊ အိုလံပါတ်စ် Olympus …စသည် ကင်မရာထုပ်လုပ်သော Company ပေါ်တွင်မူတည်ကာ ခွဲခြားခြင်းမဟုတ်ပေ။ ၄င်း၏စွမ်းဆောင်နိုင်သော လုပ်ဆောင်ချက် Function ပေါ်တွင်မူတည်ပြီး အမျိုးအစားသတ်မှတ်ခွဲခြားခြင်းဖြစ်ပေသည်။ အကြမ်းအားဖြင့်ခွဲရမည်ဆိုလျှင်…..
၁။ အသေးစား ချိန်ရိုက်ကင်မရာလေးများ (point & shoot or P&S digital camera)
၂။ အလတ်စား မှန်ဘီလူးအသေတပ်ကင်မရာများ (prosumer fix lens digital camera)
၃။ မှန်ဘီလူးဖြုတ်တပ်လဲလှယ်နိုင်သော ပရိုဖက်ရှင်နယ်သုံး ကင်မရာကြီးများ (Digital Single Lens Reflex or DSLR camera)
၎။ ပေါင်းစပ်ဒစ်ဂျစ်တယ်ကင်မရာ(mobile phone camera, PDA camera, web camera,….etc.)
ဟုလေးမျိုးလေးစား ခွဲခြားနိုင်ပေသည်။
..

ဒစ်ဂျစ်တယ် ကင်မရာ အမျိုးအစား အချို့
……………………………………………………………………………………………..
၁။ အသေးစား ချိန်ရိုက်ကင်မရာလေးများ (point & shoot or P&S digital camera)
အဆိုပါဒစ်ဂျစ်တယ်ကင်မရာ အမျိုးအစားလေးများမှာ အသေးဆုံးနှင့် အကျစ်လစ်ဆုံးဖြစ်သည့်အပြင် ဒစ်ဂျစ်တယ်ကင်မရာတို့၏ အဓိကအခြေခံစွမ်းဆောင်ချက်များကို ဖြည့်ဆည်းပေးနိုင်လေသည်။ ၄င်း၏ ကျစ်လစ်ပေါ့ပါးသော ပုံစံနှင့် ကြောင့် အိပ်ကပ်ထဲတွင် အလွယ်တကူထည့်ကာ သယ်ဆောင်နိုင်သည့်အပြင် လက်ထဲတွင်လည်း မြဲမြံစွာဆုပ်ကိုင်ပြီး သွားလေရာသယ်ယူနိုင်ပါသည်။
ပုံမှန်အားဖြင့် ၃မက်ဂါပစ်ဇယ်၊ ၄မက်ဂါပစ်ဇယ် ရီဇော်လူးရှင်း resolution ရှိတတ်ကြပြီး အိမ်သုံး (သို့) ခရီးဆောင်အနေနှင့်အထူးသင့်လျှော်ကာ ၄လက်မ၊ ၆လက်မအရွယ် 4″x6″ size ဓာတ်ပုံများကို ကြည်လင်စွာရိုက်ကူးနိုင်လေသည်.. လိုအပ်ပါက ၈လက်မ၊ ၁၀လက်မ အရွယ်ဓာတ်ပုံဆိုဒ် 8″x12″ size ကို ပြတ်သားမှုများစွာလျော့ကျခြင်းမရှိပဲ ကူးယူနိုင်ပါသည်။
၎င်းဒစ်ဂျစ်တယ်ကင်မရာလေးများကို ချိန်ရိုက်ကင်မရာ (point & shoot ) ဟုခေါ်ဆိုရခြင်းမှာ ၄င်းတွင် ရှုပ်ထွေးခက်ခဲသောချိန်ညှိရသည့် လုပ်ဆောင်ချက်များမပါဝင်ပဲ ကိုယ်ရိုက်ကူးလိုသောအရာကို ကင်မရာနှင့်ချိန်ရွယ်ပြီး ခလုပ်နိုပ်လိုက်ခြင်းဖြင့် အလွယ်တကူပင်ရိုက်ကူးနိုင်သောကြောင့် ဖြစ်ပေသည်။
တချို့သော ချိန်ရိုက်ကင်မရာလေးများတွင် နေ့ရိုက်ရန်၊ ညရိုက်ရန်၊ လူရိုက်ရန်၊ ရှုခင်းရိုက်ရန်…စသည် လုပ်ဆောင်ချက်အပိုလေးများထည့်သွင်းထားသဖြင့် မိမိရိုက်ကူးလိုသောအရာပေါ်မူတည်ကာ ပြောင်းလဲရိုက်ကူးနိုင်ခြင်းဖြင့် ပိုမိုသဘာဝကျသော ပုံကောင်းလေးများရရှိနိုင်ပေသည်။
အသေးစားချိန်ရိုက်ကင်မရာများ၏ ဈေးနှုန်းမှာ မြန်မာငွေကျပ်တစ်သိန်းခွဲခန့်မှ လေးသိန်းခန့် အထိ မော်ဒယ်အမျိုးအစားပေါ်လိုက်ကာ ကွာခြားနိုင်ပေသည်။ အသေးစားကင်မရာများဈေးကွက်တွင် ယနေ့လက်ရှိအရောင်းရဆုံး အမျိုးအစားများမှာ ဆိုနီနှင့် ကန်နွန်တို့ဖြစ်ကြသည်။ ကျန်ကုန်မဏီများမှထုပ်လုပ်သော အသေးစားချိန်ရိုက်ကင်မရာများမှာ လဲ တစ်မျိုးစီကောင်းမွန်ကြပါသည်။

ကျစ်လစ်ပေါ့ပါးသော အသေးစား ချိန်ရိုက် ကင်မရာလေး
……………………………………………………………………………………………..
၂။ အလတ်စား မှန်ဘီလူးအသေတပ်ကင်မရာများ (prosumer fix lens digital camera)
မှန်ဘီလူးအသတပ် အလတ်စားကင်မရာများ၏ ထူးခြားချက်မှာ ပရိုဖက်ရှင်နယ်သုံး ကင်မရာကြီးများတွင်ပါဝင်သော ဓာတ်ပုံနှင့်ပါတ်သက်သည့် အထူးလုပ်ဆောင်ချက် အတော်များများကို လုပ်ဆောင်နိုင်ပြီး မက်ဂါပစ်ဇယ် ရီဇော်လူးရှင်း မြင့်မားသောကြောင့် ဓာတ်ပုံဆိုဒ်ကြီးများချဲ့နိုင်သော ဓာတ်ပုံကောင်းများရိုက်ကူးနိုင်ပေသည်။
၎င်းတို့ကို မှန်ဘီလူးအသေတပ်ကင်မရာဟု ခေါ်ဆိုရခြင်းမှာ မှန်ဘီလူးဖြုတ်တပ်လုပ်နိုင်သော စီးပွားရေးသုံးကင်မရာကြီးများ၏ ရိုက်ကွင်းပေါ်မူတည်ပြီး မှန်ဘီလူးလဲလှယ်နိုင်သောအရည်အသွေး မပါဝင်သောကြောင့်ဖြစ်ပေသည်။ သို့သော်လည်း ၄င်းကင်မရာတို့တွင် မြင်ကွင်းကျယ်မှ အဝေးရိုက်နိုင်သော အကွာအဝေးထိလက်လှမ်းမှီသည့် မှန်ဘီလူးအသေများတပ်ဆင်ထားခြင်းကြောင့် တော်တန်ရုံမြင်ကွင်းမျိုးကို စိတ်ပူပင်စရာမရှိပဲ လိုသလိုအနီးအဝေးကစားကာ ရိုက်ကူးနိုင်ပါသည်။
တစ်ခုထူးခြားချက်မှာ မှန်ဘီလူးဖြုတ်တပ်လုပ်နိုင်သော ပရိုကင်မရာကြီးများကဲ့သို့ မှန်ဘီလူးအပိုထပ်မံဖြည့်စွက်ဝယ်ယူရခြင်း၊ ၄င်းဝယ်ယူထားသောမှန်ဘီလူးများအား သွားလေရာသယ်ဆောင်ရခြင်း ဒုတ်ခကင်းဝေးသည့်အပြင် မှန်ဘီလူးတွင် ဖုံနှင့် မှိုများကပ်ညိခြင်း၊ ပုံရိပ်ဖမ်းဆန်ဆာ image sensor တွင် အမှုန်အမွှားများတင်ခြင်းကြောင့် ပုံအရည်အသွေးလျော့ကျခြင်း ဒုတ်ခများကိုပါ ကင်းဝေးစေနိုင်ပါသည်။
၎င်းတွင်အသေတပ်ဆင်ထားသော ရှေ့တိုးနောက်ဆုတ်လုပ်နိုင်သည့် ဇွမ်း မှန်ဘီလူး fix zoom lens ကြောင့် သွားလေရာဝန်ပေါ့ပါးပြီး ပြိုင်ပွဲဝင်အဆင့်ဓာတ်ပုံများ ရိုက်ကူးနိုင်သောကြောင့် ဓာတ်ပုံပညာနှင့် အသက်မွေးသော ပရိုဖက်ရှင်နယ်အချို့ပင် ၄င်း အလတ်စားကင်မရာများကို အရန်ဆောင်ထားတတ်ကြပေသည်။
ပုံမှန်အားဖြင့် အလတ်စား မှန်ဘီလူးအသေတပ်ကင်မရာများ တွင် ရီဇော်လူးရှင်း ၅မက်ဂါပစ်ဇယ်မှ ၁၀ မက်ဂါပစ်ဇယ်ခန့်အထိ ပုံရိပ်ဖမ်းနိုင်သော ဆန်ဆာများပါဝင်တတ်ပြီး ဈေးနှုန်းမှာလဲ ၅ သိန်းခန့်မှ ၁၂ သိန်းခန့်အထိ ရှိတတ်ပေသည်။ ၄င်းကင်မရာအမျိုးအစားတွင် နာမည်ကြီး ကုမဏီများမှာ နစ်ကွန်၊ ကန်နွန်နှင့် ဖူဂျီတို့ဖြစ်ကြသည်။

Sony f828 မှန်ဘီလူးအသတပ် အလတ်စားကင်မရာ
……………………………………………………………………………………………..
၃။ မှန်ဘီလူးဖြုတ်တပ်လဲလှယ်နိုင်သော ပရိုဖက်ရှင်နယ်သုံး ကင်မရာကြီးများ (Digital Single Lens Reflex or DSLR camera)
ဓာတ်ပုံလုပ်ငန်းဖြင့် အသက်မွေးသော ပရိုဖက်ရှင်နယ်တို့အတွက်လည်းကောင်း၊ ဓာတ်ပုံပညာကို အထူးလေ့လာလိုက်စားသော ပြိုင်ပွဲဝင် ဓာတ်ပုံဝါသနာအိုးများအတွက်လည်းကောင်း မရှိမဖြစ်လိုအပ်သော ဒစ်ဂျစ်တယ်ကင်မရာအမျိုးအစားများမှာ ဒီအက်စ်အယ်လ်အာ DSLR ဟုအတိုကောက်ခေါ်သည့် Digital Single Lens Reflex ကင်မရာကြီးများဖြစ်ကြသည်။
၎င်းတို့သည် ပရိုဖက်ရှင်နယ်သုံး ၃၅မီလီမီတာ ဖလင်ကင်မရာဖောမတ်မှဖလင်အစား ဒစ်ဂျစ်တယ်အသွင်ပြောင်းယူထားသော ရိုက်ကူးခွင်ကျယ်ပြန့်ပြီး လုပ်ဆောင်ချက်များမြောက်များစွာပါဝင်သော ကင်မရာများဖြစ်သည့်အပြင် ရိုက်ကူးခွင်ပေါ်မူတည်ပြီး မှန်ဘီလူးအမျိုးမျိုးကို ကြိုက်နှစ်သက်သလိုပြောင်းလဲနိုင်ခြင်းမှာ ၄င်း၏ အဓိကအားသာချက်ပင်ဖြစ်ပေသည်။
လိုအပ်ချက်နှင့်ကိုက်ညီသောမှန်ဘီလူးအမျိုးအစားရှိပါက ၄င်းကင်မရာများအနေနှင့် ပုရွက်ဆိတ်ငယ်ကလေး၏ ဦးခေါင်းရှိ ဦးမှင်တံလေးမှသည်အာကာသအတွင်းမှ ကြယ်များ၊ ဂြိုလ်များနှင့် ဂလက်ဆီများအထိပင်ရိုက်ကူးနိုင်ပေသည်။
သို့သော်လည်း ၄င်းကင်မရာများအနေနှင့် ကင်မရာကိုယ်ထည်ဝယ်ယူရုံနှင့်မပြီးနိုင်ပဲ မိမိလိုအပ်ချက်နှင့်ကိုက်ညီအောင် အတောမသတ်နိုင်သော မှန်ဘီလူးအမျိုးအစားများ၊ မီးပွင့်များ၊ ထောက်ကူပစည်းများဝယ်ယူရခြင်းသည်လည်း ကြီးမားသောရင်းနှီးမြုပ်နှံမှုဖြစ်နေသောကြောင့် ဓာတ်ပုံဖြင့် စီးပွားရေးလုပ်သောပရိုဖက်ရှင်နယ်များမှအပ သာမန်အပျော်ထမ်း အိမ်သုံးရန်ဝယ်လိုသူများအတွက် များစွာမသင့်တော်ချေ။
၎င်း ကင်မရာကြီးများ၏ ရီဇော်လူးရှင်းအမြင့်ဆုံးမှာ လက်ရှိတွင် 22 မက်ဂါပစ်ဇယ်သို့ရောက်ရှိနေပြီဖြစ်ပါသည်။ ဈေးနှုန်းမှာလည်း မှန်ဘီလူးမပါဝင်ပဲ ရှစ်သိန်းခန့်မှသည် (၉၅) သိန်းကျော်အထိ ကင်မရာ၏စွမ်းဆောင်နိုင်မှုအပေါ်တွင်မူတည်ကာ ဈေးကွာခြားတတ်ပေသည်။
မှန်ဘီလူး၏ ဈေးနှုန်းများမှာလည်း မှန်ချပ်များ၏အရည်အသွေးပေါ်မူတည်ပြီး အနည်းဆုံး တစ်သိန်းခွဲခန့်မှ သိန်းရာကျော်ထိတန်ဖိုးရှိတတ်ပေသည်။ ဒီအက်စ်အယ်လ်အာDSLR ပရော်ဖက်ရှင်နယ်ကင်မရာများတွင် ထိပ်ဆုံးရောက်နေသောကုမ်ပဏီများမှာ နစ်ကွန်နှင့် ကန်နွန်တို့ဖြစ်ကြသည်။

ပရော်ဖက်ရှင်နယ်သုံး ကင်မရာကြီးများ
……………………………………………………………………………………………..
၎။ ပေါင်းစပ်ဒစ်ဂျစ်တယ်ကင်မရာ (mobile phone camera, PDA camera, web camera,….etc.)
ယနေ့ခေတ်အခါတွင် ဒစ်ဂျစ်တယ်ကင်မရာ ဆိုသည်မှာ နေရာတိုင်းတွင်ရောက်ရှိနေပြီဖြစ်ပါသည်။ သော့ချိတ်လေးများမှအစ၊ မိုဘိုင်းဖုန်းများအလယ်၊ ပီဒီအေနှင့် ကွန်ပြူတာများအဆုံး အီလက်ထရွန်းနစ်ပစည်း အတော်များများတွင် ဘက်စုံသုံးဂတ်ဂျက်တစ်ခုအနေနှင့်ပေါင်းစပ်ပါဝင်နေပြီဖြစ်ပါသည်။
အိမ်သုံးကင်မရာ၏ အဆင့်ကိုပင်မမှီသော်ငြားလည်း လျှပ်တပြတ်မှတ်တမ်းတင်ရိုက်ကူးရန်အတွက်မူ အတော်အတန်လုံလောက်သော ရီဇော်လူးရှင်းများပေါင်းစပ်ပါဝင်နေပြီဖြစ်သည်။ ဥပမာ… ယနေ့ခေတ်စားနေသော မိုဘိုင်းဖုန်းမိုဒယ်များတွင် ဒစ်ဂျစ်တယ်ကင်မရာသည် မရှိမဖြစ်ပါဝင်ရသောဖန်ရှင်တစ်ခုအဖြစ်ရှိနေပြီး ၃မက်ဂါပစ်ဇယ်၊ ၅မက်ဂါပစ်ဇယ် စသည့် မနည်းလှသော ပုံရိပ်ဆိုဒ်ကို ရိုက်ကူးနိုင်ပြီဖြစ်ပါသည်။

မိုဘိုင်း ကင်မရာ တစ်လုံး
……………………………………………………………………………………………..
++ ]]အား….တော်ပြီကွာ… ငါ့ကတော့ ကင်မရာကို သိန်းရာချီဝယ်ဖို့တော့ စိတ်မကူးသေးဘူးဟေး…။ ဒါပေမယ့် အလတ်စား ကင်မရာတစ်လုံးတော့ လိုချင်သားကွ..။ ငါ့ဝါသနာကိုမင်းသိပါတယ်ကွာ..}}
– ]]အေးပါငါသိပါတယ်ကွ… မင်းအရင်ကတည်းက ခရီးထွက်တိုင်း ဖလင်ကင်မရာအသေးလေးနဲ့ ဖလင်အကုန်ခံပြီး ကျွဲတွေနွားတွေရှောက်ရိုက်နေတတ်တာပဲ။ မင်းနဲ့ဆိုရင် ဈေးသင့်တော်တဲ့ (prosumer fix lens digital camera) နဲ့ဆို အတော်ပဲကွ… ၀ယ်ကွာ… ငါမြှောက်ပေးတယ်}}
++ ]]နေဦးကွ… ငါမရှင်းတာမေးရဦးမယ်… မင်းပြောသွားတဲ့အထဲက မက်ဂါပစ်ဇယ်ဆိုတာရယ်…ရီဇော်လူးရှင်းဆိုတာရယ် ငါနားမရှင်းသေးဘူး…ရီဇော်လူးရှင်းများတာ ကောင်းတာလား မက်ဂါပစ်ဇယ်များတာကောင်းတာလား…။ ပြီးတော့ ငါ့အနေနဲ့ မက်ဂါပစ်ဇယ်နည်းတဲ့ ကင်မရာအကြီးထက် မက်ဂါပစ်ဇယ်များတဲ့ ကင်မရာအသေးလေးကို ၀ယ်လိုက်ရင် ပိုတွက်ခြေမကိုက်ဘူးလား… ရှင်းပြပေးပါဦးကွာ…. ငါလည်နေပြီ။}}
– ]]အေး…ပြောမယ်လေ… ရီဇော်လူးရှင်း resolution ဆိုတာကော… မက်ဂါပစ်ဇယ် mega pixel ဆိုတာကော ပုံရိပ်ပြတ်သားမှုနဲ့ ပုံထုပ်တဲ့အခါ အကြီးချဲ့နိုင်မှုကို တိုင်းတဲ့သတ်မှတ်ချက်ပဲကွ… ပုံရိပ်အရည်အသွေးနဲ့ လုံးဝကိုမဆိုင်ဘူးလေ…။}}
++ ]] ဟာ…မင်းပြောလိုက်မှ ငါနားလည်ထားတာတွေ ရှုပ်ကုန်ပြီ…. ရီဇော်လူးရှင်း…ဒါမှမဟုတ်မက်ဂါပစ်ဇယ်များရင် ပိုကောင်းတာမဟုတ်ဘူးလားကွ..။ အဲလိုမဟုတ်ဘူးဆိုရင်လဲ ငါ့ကို သေချာရှင်းပြပေးပါဦးကွာ….ငါက မက်ဂါပစ်ဇယ်များတဲ့ ကင်မရာအသေးလေးဝယ်လိုက်ရင် ကင်မရာအကြီးတွေလို ကွာလတီထွက်မယ်ဆိုပြီး အသေးလေးပဲဝယ်မလို့ အကွက်ချောင်းနေတာကွ။}}
– ]] အေးပါ…မင်းက အရမ်းလောပြီး သိချင်နေတာကိုးကွ… ဓာတ်ပုံရဲ့ အရွယ်အစားဟာ မက်ဂါပစ်ဇယ်နဲ့ဆိုင်ပေမယ့် ဓာတ်ပုံရဲ့ အရည်အသွေးကတော့ မက်ဂါပစ်ဇယ်နဲ့ လုံးလုံးမဆိုင်ဘူးဆိုတာ ငါပြောပြမယ်…။}}
ရီဇော်လူးရှင်းတွက်ဖို့ ဒီဟာလေးကို ဖတ်ကြည့်လိုက်ပါ
လာဖတ်သွားတယ်။ ပျော်ရွှင်သောနှစ်သစ် ဖြစ်ပါစေ..။
ချစ်ဦး